ပျော်ဘွယ် ဩဂုတ် ၂၆
ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးဆောင်၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် မဲဆန္ဒရှင်ပြည်သူများသို့ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဩဂုတ်လ (၂၆) ရက်၊ မွန်းလွဲ (၁) နာရီက မင်းလှသာစည်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ခင်သီတာခိုင်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်းနှင့် မဲပေးပုံအဆင့်ဆင့်တို့ကို ရှင်းလင်းဆွေးနွေးပြီး ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းပြုလုပ်ကြပြီး မဲရလာဒ်အား လက်တွေ့သရုပ်ပြထုတ်ပြန်ကြေငြာခြင်းကို ပြသခဲ့ကြောင်း၊ အလားတူ ရှမ်းပွဲရပ်ကွက်ရှိ ရာပြည့်သာသနာ့ဗိမာန်တော်တွင်လည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)