အောင်မြေသာစံမြို့နယ် မီးသတ်ဦးစီးဌာနက တိုင်ဖွန်းမုန်တိုင်းအန္တရာယ်တုံ့ပြန်ရေး ကြိုတင်ပြင်ဆင်စုဖွဲ့

အောင်မြေသာစံ ဩဂုတ် ၂၆

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် တိုင်ဖွန်းမုန်တိုင်း “ကာဂျီကီ”၏ အကြွင်းအကျန်များသည် မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်ဝင်ရောက်နိုင်သဖြင့် တပ်ဖွဲ့ဝင်၊ ယာဥ်/စက်၊ လှေများ အသင့်စုဖွဲ့ထား၍ မုန်တိုင်းအန္တရာယ်တုန့်ပြန်နိုင်စေရန် ကြိုတင်လေ့ကျင့်ပြင်ဆင်စုဖွဲ့မှုများကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ကြသည်။

အဆိုပါ ကြိုတင်လေ့ကျင့်ပြင်ဆင်စုဖွဲ့ရာတွင် မြို့နယ်မီးသတ်ဦးစီးက မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန် မြို့နယ်မီးသတ်သန္ဓေ (၂၀) ဦး အရန်မီးသတ် (၁၅) ဦးဖြင့် ကြိုတင်လေ့ကျင့်ပြင်ဆင်မှုများကို ဆောင်ရွက်ထားကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)