ဝိုင်းမော် ဒီဇင်ဘာ ၂၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း မွေးမြူရေးခြံများနှင့် တစ်နိုင်တစ်ပိုင် မွေးမြူထားသည့် တိရိစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပထမ (၆) လပတ်အတွင်း ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းကို ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာ၌ ယနေ့နံနက် (၇) နာရီအချိန်က ကာကွယ်ဆေးများ ကွင်းဆင်း လိုက်လံထိုးနှံခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာဝင့်သီတာအောင် ဦးဆောင်ပြီး ဝန်ထမ်းများနှင့် သင်တန်းသားများက ကျွဲ၊ နွားများတွင် ဖြစ်ပွားတတ်သည့် လည်ချောင်းကွဲရောဂါကာကွယ်ဆေး (Hemorrhagic Septicemia)၊ ပေါင်ပုပ်၊ လက်ပုပ် ရောဂါကာကွယ်ဆေး (Black Quarter) ကို ကျွဲ၊ နွား ကောင်ရေ (၄၄) ကောင်ကို လိုက်လံကွင်းဆင်း ထိုးနှံခဲ့ပြီး၊ ကျေးရွာ (၁၂) ရွာရှိ လည်ချောင်းကွဲရောဂါကွယ်ဆေး (Hemorrhagic Septicemia) ၊ ပေါင်ပုပ်၊ လက်ပုပ် ရောဂါကာကွယ်ဆေး (Black Quarter) ကျွဲ၊ နွား (၁၃၇၁) ကောင်ကိုလည်း ထိုးနှံခဲ့ပြီးဖြစ်သည်။
ကျန်ရှိနေသည့် ရပ်ကွက်/ ကျေးရွာ များကိုလည်း ဆက်လက်၍ ကွင်းဆင်းထိုးနှံသွားမည် ဖြစ်ကြောင်းကို မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ရုံးမှသိရှိရသည်။
ခိုင်သက်မွန်