လောင်းလုံး မြို့နယ်၊ သဝင်ကျေးရွာနှင့် သကျက်တောကျေးရွာတို့တွင်မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး ကွင်းဆင်းစစ်​ ဆေးဆောင်ရွက်

လောင်းလုံး ဒီဇင်ဘာ ၂၁

တနင်္သာရီတိုင်းဒေသကြီး ၊ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင်ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် လျော့နည်း စေရန်ရည်ရွယ်ပြီး မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေး ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ လောင်းလုံး မြို့နယ်၊ သဝင်ကျေးရွာနှင့် သကျက်တောကျေးရွာတို့တွင် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

ထို့သို စစ်ဆေးဆောင်ရွက်ရာတွင် လောင်းလုံးမြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး၊ ဦးပြည့်ဖြိုးအောင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များမှပြင်ပတွင်ရောင်းချ​နေသော စက်သုံးဆီဆိုင်များ အား စစ်ဆေးခြင်း၊ မီးဘေး အန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန် မီးသတ်ဆေးဘူးထားရှိမှု အခြေအနေများ စစ်ဆေးဆောင်ရွက်ခဲ့ပြီး မီးချိတ်မီးကတ်၊ ရေပုံးသဲပုံး၊ မီးသတ်ရေကန်များ၊ မီးသတ်ဆေးဘူးများ သက်တမ်းလွန်ခြင်း ရှိ/ မရှိစစ်ဆေး ဆောင်ရွက်ခဲ့ပြီး စျေးသူစျေးသားများကို မီးသတ်ဆေးဘူး အသုံးပြုရမည့် အသိပညာပေးမှုများ ပြသဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

သိန်းသိန်း( ပြန်/ဆက်)