လေးမျက်နှာမြို့နယ်တွင် နွေစပါး(Seeder) စံပြကွက်စိုက်ပျိူး

လေးမျက်နှာ  ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ကြီးပေါက်ကုန်းအုပ်စု၊ ဆီဆုံကုန်းကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီ၌ စိုက်ပျိူးရေး ဦးစီးဌာနမှ နွေစပါးဆင်းသုခမျိုးစပါး (Seeder) စံပြကွက်စိုက်ပျိူးခဲ့​သည်။

(Seeder)မျိုးစေ့ချ ကရိယာဖြင့် စံပြကွက်စိုက်ပျိူးခြင်းအား မြို့နယ်စိုက်ပျိူးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာအုပ်စုရှိ တောင်သူလယ်သမားများ၏ ရှေ့၌ လက်တွေ့ပြသ စိုက်ပျိူးခဲ့ကြသည်။

မျိူးစေ့ချကရိယာ အသုံးပြု၍ မျိူးစေ့ချခြင်းဖြင့် မျိုးစေ့ကုန်ကျမှု သက်သာခြင်း၊ ပေါင်းမြက်ရှင်းရန် လွယ်ကူခြင်း၊ မြေသြဇာကျွေးခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းနှင့် အပင်ပြုစုစောင့်ရှောက်ခြင်းတို့အတွက် လွယ်ကူသက်သာကြောင်း အကျိူးကျေးဇူးများအား ပညာပေး ဆွေးခဲ့ကြောင်း သိရသည်။

အဆိုပါ(Seeder) မျိူးစေ့ချစိုက်ပျိူးခြင်းအား ကွင်းအမှတ်(၉၈၆)၊ ဦးပိုင်(၆၂)၊ တောင်သူဦးဇော်မိုး၏ လယ်မြေ(၅.၀၀) ဧကတွင် စိုက်ပျိူးခဲ့ပြီး မြို့နယ်စိုက်ပျိူးရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျေးရွာအုပ်စုရှိ တောင်သူများ တက်ရောက် ခဲ့ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)