နောင်မွန်မြို့နယ်၌ အာဖရိကဝက်အပြင်းဖျားရောဂါ အသိပညာပေး ဟောပြောပွဲ ကျင်းပ

နောင်မွန်  ဒီဇင်ဘာ ၂၁

ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့နယ်တွင် အာဖရိက ဝက်အပြင်းဖျားရောဂါ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခန့်က ရပ်ဘော့ကျေးရွာအုပ်စု၊ ရပ်ဘော့ကျေးရွာ (၂) ရှိ အ.မ.က (ခေါလန်) ကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာစိုးမှ ယနေ့ခမ်းအနားတွင် ဟောပြောသွားမည့် အသိပညာပေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဒေသခံပြည်သူများ အနေဖြင့် သေချာလိုက်နာ ဆောင်ရွက်ကြရန်၊ မွေးကုဌာနမှ ကာကွယ်ဆေး ထိုးနှံချိန်တွင်လည်း မိမိအိမ်မွေး တိရစ္ဆာန်များကို ထိုးနှံကြရန်နှင့် ရောဂါတစ်စုံတစ်ရာ ကျရောက်ပါက မွေးကုဌာနသို့ ဆက်သွယ်ကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ ဒေါက်တာစိုးလင်း (ခရိုင်ဦးစီးမှူး) က ဒေသခံတိုင်းရင်းသားများ၏ အိမ်မွေးတိရစ္ဆာန်များကို ကျန်းမာ၍ ရောဂါကင်းရှင်းပြီး မွေးမြူရေးကဏ္ဍမှ မိသားစုဝင်ငွေ၊ ဒေသဝင်ငွေရရှိစေရန်၊ ဝက်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဝက်မွေးမြူရေး ဆက်စပ်အသိပညာပေး ဟောပြီး ဒေသခံပြည်သူများ၏ သိရှိလိုသည့် မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် အာဖရိကဝက်အပြင်းဖျားရောဂါနှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင် (၃) မျိုးကိုလည်း ဝန်ထမ်းများက ဖြန့်ဝေခဲ့ကြောင်းနှင့် အခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

မြနန်း(ပြန်/ဆက်)