ဟိုပင်၌ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြု လူနာတစ်ဦးတွေ့ရှိ

ဟိုပင် ဒီဇင်ဘာ ၂၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ ဦး ယမန်နေ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိခဲ့ရသည်။

အဆိုပါ ပိုးတွေ့လူနာသည် နိုဝင်ဘာ ၂၇ ရက်တွင် မန္တလေးမြို့ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ ဆေးရုံကြီးတွင် လူနာစောင့်အဖြစ် သွားရောက်ခဲ့သူဖြစ်ပြီး ဒီဇင်ဘာ ၁၁ ရက်တွင် အမှတ် ၄၂ ဒုတိယ အမြန်ရထားတွဲ () ခုံနံပါတ်၄၂/၄၃ ဖြင့် မန္တလေးမြို့မှ ပြန်လာခဲ့ရာ ဒီဇင်ဘာ ၁၂ ရက် နေ့လည်  နာရီ  မိနစ် ၅၀ တွင် ဟိုပင်မြို့သို့ ရောက်ရှိ၍ ဟိုပင်မြို့ မြို့တော်ခန်းမတွင် အသွားအလာ သီးခြားစောင့်ကြည့် ကန့်သတ်ထားသူ ဖြစ်ပါသည်။

၄င်းလူနာကို ၁၇ ရက်တွင် ဓာတ်ခွဲနမူနာ ရယူကာ ၁၈ ရက်တွင်ပို့ဆောင်ခဲ့ရာ ၂၀ ရက်နေ့ ညနေ ၆နာရီ မိနစ် ၄၀ တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ Positive လူနာအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသဖြင့် ဟိုပင်မြို့ ပြည်သူ့ဆေးရုံ သံဃာဆောင်တွင် ပို့ဆောင်ထားရှိပြီး စောင့်ကြည့် ကုသမှုပေးသွာမည် ဖြစ်ကြောင်း သိရသည်။

တိုးတိုးမေဟိုပင်