မြန်အောင် ဒီဇင်ဘာ ၂၁
မြန်အောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျပ်သိန်း ၃၅၀၀ ကျော်ဖြင့် မြို့သာယာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေး အဖွဲ့မှ သိရသည်။
မြန်အောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လမ်းတံတားနှင့် အခြားတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကွန်ကရစ်လမ်း (၁၁) လမ်း၊ ကတ္တရာလမ်း (၄) လမ်း၊ ချောက်ကျောက်ခင်းခြင်း (၁) လမ်း၊ Box Culvert (၅) စင်းနှင့် အခြားတည်ဆောက်ရေးလုပ်ငန်း (၁၃) ခုကို ကျပ်သိန်း (၃၅၁၉.၆၀) ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းနှင့်ပစ္စည်း တင်ဒါများခေါ်ယူခဲ့ပြီး တင်ဒါရွေးချယ်ခြင်း လုပ်ငန်းများ ဆောင်ရွက် ပြီးကြောင်း သိရှိရသည်။ ထို့ပြင် မြို့သာယာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ (၁၀) နှစ်စာ စီမံကိန်း ရေးဆွဲထားရှိကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူး ဦးရဲစိုး ထံမှ သိရှိရသည်။
ဝင်းဗိုလ်၊ မြန်အောင်