ချင်းရွှေဟော်မှနေရပ်ပြန်ပြည်သူများအား သက်ဆိုင်ရာဒေသများသို့လွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော်      ဒီဇင်ဘာ  ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  လောက်ကိုင်မြို့နယ်၊  ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ဂိတ် ပေါက်မှဝင်ရောက်လာသော တရုတ်နိုင်ငံမှပြန်လာသည့်မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၁၄)ဦးအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးသက်ဦးပိုင် နှင့်ကော်မတီအဖွဲ့ဝင်များက ၎င်းတို့ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ယနေ့ နံနက်(၁၁)နာရီခွဲအချိန်က လားရှိုးမြို့သို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၁၄)ဦးမှာ အမျိုးသား(၁၀)ဦး၊ အမျိုးသမီး()ဦးတို့ဖြစ်ကြပြီး မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်မှ()ဦး၊ ရမည်းသင်းမြို့နယ်မှ()ဦး၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်မှ()ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ပုလဲ မြို့နယ်မှ()ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါး မြို့နယ်မှ()ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှ()ဦး နှင့်နောင်ချို မြို့နယ်မှ()ဦး တို့ဖြစ်သည်။

၎င်း နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့၊  အမှတ်()ရပ်ကွက်တွင်   အသွားအလာကန့်သတ်စောင့်ကြပ်  ထားရှိပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက ပထမအကြိမ် Rapid Test Kit စနစ်ဖြင့်စစ်ဆေးခြင်း နှင့် ဒုတိယ အကြိမ်အဖြစ် ၎င်းတို့၏ ဓါတ်ခွဲနမူနာ Swab များအားထပ်မံရယူ၍  မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့ စစ်ဆေးခဲ့ရာနှစ်ကြိမ်ဆက်တိုက် ကိုဗစ်-၁၉ရောဂါပိုး မတွေ့ရှိရကြောင်းသိရ၍ ချင်းရွှေဟော်မြို့၊ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီမှသက်ဆိုင်ရာဒေသများသို့ ရောက်ရှိနိုင်ရေး အတွက် စနစ်တကျစီစဉ် လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)