ခိုင်ကမ်း ဒီဇင်ဘာ ၂၁
တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ယမန်နေ့ည ၉ နာရီအချိန်ခန့်က အမှတ်(၂) ရပ်ကွက်တွင် နေအိမ်တစ်လုံး မီးလောက်ကျွမ်းကာ အသက် ၃၅ နှစ်အရွယ်ရှိ အိမ်စောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ခိုင်ကမ်းမြို့အမှတ်(၂) ရပ်ကွက်ရှိနေအိမ်တွင် လျှပ်စစ်မီးမှ တစ်ဆင့် အင်ဗာတာဖြင့် ဘက်ထရီအိုး အားသွင်းရာ အင်ဗာတာအပူလွန်ကဲကာ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ (၃၀×၄၅) ပေရှိ နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေအိမ်တွင် တစ်ဦးတည်း နေထိုင်သူ တစ်ဦး မီးလောင်ကျွမ်းမှုဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ခိုင်ကမ်းနယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ် ဦးစီးမှူးဦးသွင်လမ့်ခိုင် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အတွင်းရှိပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ရာ ၉ နာရီ ၃၀ မိနစ်အချိန်တွင် မီး ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)