နွားထိုးကြီးမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၁၃၂၂) စုတို့ အတွက် ထောက်ပံ့ငွေများပေးအပ်

နွားထိုးကြီး၊ ဒီဇင်ဘာ ၂၁

နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ အား  နိုင်ငံတော်အစိုရမှ  အိမ်ထောင်တစ်စုလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် စတုတ္ထအကြိမ် မြောက် ထောက်ပံ့ငွေများပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ထောက်ပံ့ငွေပေးအပ်ပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတင်ငြိမ်းက နိုင်ငံတော် အစိုးရမှ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် တိကျမှန်ကန်မှုရှိစေရန်နှင့် အလွဲသုံးစားမှုများ မ ဖြစ်ပေါ်စေရန်အတွက် ဌာနဆိုင်ရာအကြီးအကဲများက ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အတူ ဝိုင်းဝန်ပူးပေါင်း ဆောင်ရွက်ပေးကြရန် ရှင်းလင်းပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ကာလအတွင်း ဝင်ငွေနည်းပါးသည့် အခြေခံလူတန်းစားများအား လတ်တလော အဆင်ပြေစေရေးအတွက်အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် ရပ်ကွက်၊ ကျေးရွာ အုပ်စု (၇၂) အုပ်စုမှ အိမ်ထောင်စု (၁၁၃၂၂) စုတို့အတွက် ငွေကျပ် သိန်းပေါင်း (၂၂၆၄၄၀၀၀၀) ကိုဌာနဆိုင်ရာ အကြီးအကဲများ ထံလွဲပြောင်းပေးအပ်ခဲ့ပြီး တာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာများသို့ သွားရောက်ပြီး ပြည်သူများ လက်ဝယ် အရောက်ထောက်ပံ့ငွေများကို ဆက်လက်ထောက်ပံ့ပေး အပ်ခဲ့ကြကြောင်း သိရသည်။

သန်းအောင်ဇော်