တာချီလိတ်မြို့တွင် ပြည်တွင်လေကြောင်းခရီစဉ်များ ပုံမှန်ပြေးဆွဲလျက်ရှိ

တာချီလိတ် ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ ကာလက ပိတ်ပင်ထားသော လေကြောင်းခရီးစဉ်များ ပိတ်ပင်ထား ရာ ဒီဇင်ဘာ ၁၆ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်ပေးပြီး နေ့စဉ်ပုံမှန် ပြေးဆွဲလျက်ရှိကြောင်းသိရသည်။

ကိုဗစ်-၁၉ ကာလအတွင်း လေကြောင်းခရီးစဉ်များ ရပ်ဆိုင်းထားခဲ့ရာ တရုတ်နိုင်ငံသားများ တာချီလိတ်မြို့တွင် အခက်အခဲများနှင့် ကြုံတွေ့ နေခဲ့ရပြီး ယခုအချိန်၌လေကြောင်းခရီးစဉ်များ ပြန်လည်ဖွင့်လှစ်ပြေးဆွဲလျက်ရှိရာတွင် ဒီဇင်ဘာ ၁၅ ရက်နေ့မှစ၍ တရုတ်နိုင်ငံသားများ မိခင်နိုင်ငံသို့ ထွက်ခွာလျက်ရှိရာ ဒီဇင်ဘာ ၂ဝရက်နေ့ထိ စုစုပေါင်း ၁၀၀ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းလေကြောင်းခရီးစဉ်များဖြစ်သော ရွှေမြန်မာလေကြောင်းလိုင်းနှင့် ကမ္ဘောဇလေကြောင်းလိုင်းတို့မှ နေ့စဉ်ပုံမှန်ပျံသန်းလျက်ရှိပြီး ခရီးသွားများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်နှင့်အညီ တာချီလိတ်မြို့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီး ဌာနမှ ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုရှိ/မရှိ စနစ်တကျ စစ်ဆေးပြီး ရောဂါပိုးကင်းစင်မှသာလျှင် ခရီးသွားလာခွင့် ပြုကြောင်း သိရှိရသည်။

ယာဆေး(ပြန်/ဆက်)