မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ နေ့စဉ်မပြတ် ဆောင်ရွက်

 

မိုင်းခုတ် ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ အဝင်/အထွက်ဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ခရီးသွား ပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် နှာခေါင်းစည်း Mask တပ်ဆင် သွားလာခြင်းရှိ/မရှိ စစ်ဆေးခြင်းလုပ်ငန်းများ နေ့စဉ် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

မိုင်းခုတ်မြို့အဝင်/အထွက်ဂိတ်၌ ယမန်နေ့က ဖြတ်သန်းသွားလာသော ဆိုင်ကယ်များနှင့် မော်တော်ယာဉ်(၉)စီးမှ ခရီးသည် (၅၂)ဦးအား ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးခြင်း၊ ခရီးသွားရာဇဝင် မှတ်သားခြင်း၊ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ ထောက်ခံချက်များစစ်ဆေးခြင်း၊ လက်သန့်ဆေးရေဖြင့် လက်သန့်စင်စေခြင်းနှင့် mask မပါရှိသူများအား mask အခမဲ့ဖြန့်ဝေပေးခြင်း တို့ကိုဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ခြင်းကို ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များနှင့် ကျန်းမာရေးဌာန တို့ပူးပေါင်း၍ နေ့စဉ် နံနက်(၆)နာရီမှ ည(၆)နာရီထိ အလှည့်ကျတာဝန်ချစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စိုးတင့် (ပြန်/ဆက်)