မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် စေတနာရှင် အလှူရှင်များမှ အလှူငွေများ လှူဒါန်း

မြိတ်   ဒီဇင်ဘာ   ၂၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အတွက်  စေတနာရှင် အလှူရှင်များမှ အလှူငွေများကို ယနေ့ နေ့လယ်()နာရီက ကန်းစွန်းအင်း ကိုယ်ပိုင် အထက်တန်း ကျောင်းတွင် မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုကော်မတီသို့ လှူဒါန်းခဲ့ကြသည်။

အလှူငွေများ လှူဒါန်းပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်းက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထိုနောက် စေတနာရှင် အလှူရှင်များက အလှူငွေစုစုပေါင်း (၃၆၅)သိန်း ပေးအပ်လှူဒါန်းကြရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန် ရှိသူများက လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြသည်။

ထိုနောက် မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက်အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဒေါ်တင်တင်ထွေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးလုပ်ငန်းများအတွက် ယနေ့တွင် စေတနာရှင် (၆)ဦးမှ (၃၆၅)သိန်း လှူဒါန်းခဲ့ကြပြီး ယခင်က စေတနာရှင် အလှူရှင်များက (၂၂၃၅)သိန်း လှူဒါန်းခဲ့ကြ၍ အလှူရှင်များ အား ယနေ့တွင် တာဝန်ရှိသူများက တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ဂုဏ်ပြုမှတ်တမ်း လွှာများကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )