ညောင်ရွှေ ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း Facility Quarantine Centre ဝင်ရောက်နေသူ (၄၁)ဦး၊ ပြည်သူ့ဆေးရုံတွင် Hospital Quarantine ဝင် ရောက်နေသူ (၂)ဦး၊ Hotel Quarantine ဝင်ရောက်နေသူ (၁၅)ဦးနှင့် Stay at Home နေထိုင်သူ (၂) ဦး စုစုပေါင်း ညောင်ရွှေမြို့နယ်အတွင်း၌ သွားအလာကန့်သတ်ထားရှိသူ (၆၀)ဦး၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာများရယူ၍ ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားခြင်း ရှိမရှိစစ်ဆေးအတည်ပြု နိုင်ရန်အတွက် ဓာတ်ခွဲခန်းသို့ ပို့ဆောင် စစ်ဆေးနိုင်ရန် ဓာတ်ခွဲနမူနာရယူခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဓာတ်ခွဲနမူနာများကို မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများနှင့် အရပ်ဖက်စေတနာ့ ဝန်ထမ်းများက စနစ်ကျရယူခဲ့ပြီး ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှတစ်ဆင့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)သို့ ပို့ဆောင်စစ်ဆေး သွားမည်ဖြစ်ကြောင်း၊ ဓာတ်ခွဲစစ်ဆေးမှုရ လဒ်အဖြေများအား အများပြည်သူ သိရှိနိုင်စေရန်အတွက် အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရှိရသည်။
စိုင်းအယ်ဘဲ