ပျော်ဘွယ် ဩဂုတ် ၂၉
ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးဆောင်၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် မဲဆန္ဒရှင်ပြည်သူများသို့ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဩဂုတ်လ (၂၈) ရက်၊ မွန်းလွဲ (၁) နာရီခွဲက အမှတ် (၇၁) သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ခင်သီတာခိုင်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်းနှင့် မဲပေးပုံအဆင့်ဆင့်တို့ကို ရှင်းလင်းဆွေးနွေးပြီး တပ်မမှူးဗိုလ်မှူးကြီး ကျော်ဆွေလင်းနှင့်တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များက လက်တွေ့စမ်းသပ်မဲပေးခြင်း ပြုလုပ်ကာ မဲရလာဒ်အား လက်တွေ့သရုပ်ပြထုတ်ပြန်ကြေငြာခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)