မိုးကောင်းမြို့နယ်အတွင်း မိတ္တီလာနှင့်ပဲခူးမြို့တို့မှ ရောက်ရှိလာသူ လူနှစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

မိုးကောင်း  ဒီဇင်ဘာ ၂၁

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် Quarantine Centre များတွင် ဝင်ရောက်နေသူ (၆၄)ဦးအား ဒီဇင်ဘာ(၁၇)ရက်နေ့တွင် ဓါတ်ခွဲနမူနာယူ၍ ပေးပို့စစ်ဆေးခဲ့ရာ ပဲခူးမှပြန်လာသည့် အသက်(၆၄)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် မိတ္ထီလာမြို့မှ ပြန်လာသူ အသက်(၃၂)နှစ်အရွယ် အမျိုးသမီးတို့တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ယမန်နေ့ နာရီထုတ်ပြန်ချက်အရ မိုးကောင်းပြည်သူ့ဆေးရုံမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ပိုးတွေ့သူနှစ်ဦးသည် ပင်းဘောတိုက်နယ်ရှိ Quarantine Centre များတွင် ဝင်ရောက်နေသူများဖြစ်ပြီး ပင်းဘောတိုက်နယ်ဆေးရုံတွင် ဆက်လက်၍ စောင့်ကြည့်ကုသမှု ခံယူရမည်ဖြစ်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)