လေးဆယ်ကုန်းကျေးရွာ၌ စားအုန်းဆီ(၁)ပိဿာ ငွေ(၇၃၈၅)ကျပ်နှုန်းဖြင့် ရောင်းချပေး

ကျောက်ဆည် ဩဂုတ် ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းဝင် ဆီအရောင်းအဝယ်ဆိုင်များမှ ပြည်သူများ စားဝတ်နေရေး အထောက်အပံ့ဖြစ်စေရေး စားအုန်းဆီများကို ဈေးနှုန်းချိုသာစွာဖြင့် ရပ်ကွက်၊ ကျေးရွာများတွင် အလှည့်ကျရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လေးဆယ်ကုန်းကျေးရွာ၌ စားအုန်းဆီ(၁)ပိဿာ ငွေ(၇၃၈၅)ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် ကျန်းမာရေးနှင့်ညီညွတ်ပြီး သတ်မှတ်အရည်အသွေး၊ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဖြင့် တင်သွင်းရောင်းချသည့် Resources Group Trading Co,Ltd မှ ဝယ်ယူ၍ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းဝင် ဒေါ်တင်နွဲ့ (ဗိုလ်တစ်ထောင်) စားသုံးဆီ လက်လီလက်ကား ရောင်းဝယ်ရေးဆိုင်မှ ဆီဝယ်ယူခွင့် စာအုပ်တစ်အုပ်လျှင် (၂)ပိဿာနှုန်းဖြင့် လေးဆယ်ကုန်း ပြည်သူများအား စားအုန်းဆီ (၁၁၀) ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

သက်မောင် (ကျောက်ဆည်)