မဟာအောင်မြေမြို့နယ်၌ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေး(AML/CFT)ဆိုင်ရာ အသိပညာပေး

မဟာအောင်မြေ ဩဂုတ် ၂၉

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် Y-Mandalay Hotel ၌ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ ဦးဆောင်မှုဖြင့် ကျောက်မျက်ရတနာလုပ်ငန်း ရှင်များအသင်း(မန္တလေး)တို့မှ ပူးပေါင်းကျင်းပသည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေး(AML/CFT)ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ဩဂုတ်(၂၉)ရက် နံနက်ပိုင်းက ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးမြင့်ဟန်က နှုတ်ခွန်းဆက် စကားပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးဇော်ဘိုခန့်က ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး(AML/CFT)ဆိုင်ရာအသိပညာမြှင့်တင်ခြင်းဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက်များအားရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံဗဟိုဘဏ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ငွေကြေးဆိုင်ရာစုံစမ်းရေးအဖွဲ့များမှ တာဝန်ရှိသူများက (AML/CFT)ဆိုင်ရာ အချက်အလက်များအား အသိပညာပေးဆွေးနွေးသည်။

ယင်းနောက် တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးရာ သက်ဆိုင်ရာဌာန၊ အသင်း/အဖွဲ့များမှ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(မန္တလေး) ဥက္ကဋ္ဌ (ကိုယ်စား) ဒုဥက္ကဋ္ဌ က ကျေးဇူးတင်စကားပြောကြားသည်။

အောင်ဇော်မင်း