ရွာငံ ဒီဇင်ဘာ ၂၁
၂၀၂၀-၂၀၂၁ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း (VDP)ကျေးရွာရွေးချယ်ပွဲအခမ်းအနားကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ၊ ရွာငံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့ နံနက်၁၀ နာရီ က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါရွေးချယ်ပွဲတွင်ရွာငံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးမင်းက စီမံကိန်း ရွေးချယ် ရာတွင် အမှန်တကယ်လိုအပ်သောကျေးရွာများအား ရွေးချယ်သွားရန်၊ ကျေးရွာမှ စီမံကိန်း အပေါ်စိတ်ပါ ဝင်စားသည့် ကျေးရွာများရွေးချယ်သွားရန်တို့ကို လည်းကောင်း၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုး က(VDP) စီမံကိန်း ဆောင်ရွက် ပြီးသော ကျေးရွာများနှင့် (CFW)စီမံကိန်းကျေးရွာများအား မထပ် ရလေအောင် စိစစ်ရွေးချယ် သွားသင့်ကြောင်းစသည် တို့ကိုဆွေးနွေးပြောကြားကြသည်။ ထို့နောက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးသိန်းမြတ်ထိုက်က ဌာနမှဆောင်ရွက်ပြီးစီးခဲ့သောလုပ်ငန်းများ၊ (VDP)ကျေးရွာ(၇)ရွာ၊ အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားသည်။
(VDP)ကျေးရွာရွေးချယ်ပွဲတွင်ရွာငံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းဇော်ဟိန်း၊ ခရိုင်ကျေးလက်မှ လက်ထောက် ညွှန်ကြားရေးမှူးဒေါ်လွင်လွင်ဦး၊ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစည်သူ၊ မြို့နယ်စီမံကိန်း ရေးဆွဲရေး အကောင်အထည်ဖော်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနများတက် ရောက်ကြပြီး(VDP) ကျေးရွာ(၇)ရွာအား အတည်ပြုရွေးချယ်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ရွာငံ)