မောက်မယ်မြို့နယ်၌ပြန်လည်ဖွင့်လှစ်သောစျေးဆိုင်ခန်းများသွားရောက်စစ်ဆေး

 

မောက်မယ်    ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်၌ COVID-19 ကူးစက်ရောဂါ ဖြစ်ပွားမှုကို ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ နှင့်အညီ စျေးဆိုင်ပိုင်ရှင်များ လိုက်နာခြင်းရှိ/မရှိကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ၊ မြို့နယ် စည်ပင် သာယာရေးဌာန နှင့်  မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီက လိုက်လံ စစ်ဆေး ခြင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ စားသောက် ဆိုင်များ လက်ဖက်ရည် ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် စျေးဆိုင်ပိုင်ရှင်များမှ Mask ၊ Face Shield နှင့် လက်အိတ် ၊ များအသုံးပြုရန် အပူချိန်တိုင်းစက် ၊  လက်ဆေးကန် ၊ အမိုက်ပုံးများ ၊ လက်သန့်စင်ဆေးရည်များ ၊ ဆေးရုံဖုန်း နံပါတ် ၊ သန့်စင်ခန်းများတွင် ရေနှင့်ဆပ်ပြာထားရှိခြင်း ရှိ/မရှိ ၊ စျေးဆိုင်ခန်းများတွင် လေဝင်လေထွက်ကောင်းရန်နှင့် တစ်ဦးနှင့်တစ်ဦး၆ပေအကွာ စီစဉ်ထားမှုများကို စစ်ဆေးခဲ့ပြီး စားသောက်ဆိုင်မှ တာဝန်ရှိ သူများ နှင့် ဝန်ထမ်းများမှ လိုက်နာ ဆောင်ရွက်ရမည့်စည်းကမ်းချက်များအား  ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၏ညွှန်ကြားချက်များနှင့်အညီလိုက်နာသွားရန်နှင့် COVID-19 ဆိုင်ရာ  ကျန်းမာရေး အသိပညာ ပေးခြင်းလုပ်ငန်းများကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်( မောက်မယ်)