ပင်းတယမြို့ ရွာသစ်ရပ်ကွက် စေတီကြီးပရိယတ္တိစာသင်တိုက်၌ ဂုဏပူဇာ ကြိုဆိုဂုဏ်ပြု မင်္ဂလာအခမ်းအနားကျင်းပ

ပင်းတယ   ဒီဇင်ဘာ   ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း   ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊   ပင်းတယမြို့   ရွာသစ်ရပ်ကွက်   စေတီကြီး ပရိယတ္တိစာသင်တိုက်၌ ဂုဏပူဇာ ကြိုဆိုဂုဏ်ပြု မင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲတစ်နာရီက ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ကြွရောက်တော်မူလာကြသော ဆရာတော်၊ သံဃာတော်များနှင့်  ဒါယကာဒါယိကာမတို့က နမောဒဿ သုံးကြိမ်ရွတ်ဆို၍ ဘုရားရှိခိုးကန်တော့ကြပြီး ရွာငယ်ကျောင်းသစ်ကျောင်းဆရာတော် မြို့နယ် သံဃနာယက ဘဒ္ဒန္တ စန္ဒေါဘာသ ဆရာတော်ထံမှ ငါးပါးသီလခံယူ၍ ဆရာတော်သံဃာတော်များက မေတ္တာသုတ် ပရိတ်တရားတော်ကို ချီးမြှင့်ပေးကြသည်။

ဆက်လက်၍   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ    သာသနာရေးဝန်ကြီးဌာနမှ   ချီးမြင့်သော အစိုးရ သာသနဓမ္မာစရိယဘွဲ့၊ ဝိနယာဒိနုဂ္ဂဟဓမ္မာစရိယဘွဲ့၊ ပရိယတ္တိသာသန ပါလကဓမ္မာစရိယဘွဲ့၊ အင်္ဂလိပ်စာ ဒီပလိုမာဘွဲ့၊   ( MA )  မာစတာဘွဲ့၊  ဒေါက်တာ  ( Ph.D )  ဘွဲ့ရရှိတော်မူသော   ဒေါက်တာအရှင်   ခေမာဉာဏ၏ အထ္ထုပ္ပတိ  အကျဉ်းကို  စေတီကြီးကျောင်းစာချဆရာတော်   အရှင် ဝါရိန္ဒ   ကဖတ်ကြားပေးပြီး၊    အစိုးရသာသန ဓဇဓမ္မစရိယာဘွဲ့ ရရှိတော်မူသော အရှင်သောပါက၏   အထ္ထုပ္ပတိအကျဉ်းကို  စေတီကြီးကျောင်းစာချဆရာတော် အရှင်    စန္ဒေါဘာသက   ဖတ်ကြားပူဇော်၍   ရွာသစ်ရပ်ကွက်    ဓမ္မစကြာအဖွဲ့က    ဒေါက်တာအရှင်ခေမာဉာဏ             ( ဂရုဏာရင်ခွင် ) အရှင်သူမြတ်မှ ရေးသားပူဇော် ဂုဏ်ပြုအပ်သော  ရှစ်လုံးဘွဲ့ကဗျာဖြင့်လည်းကောင်း၊    တမဲရွာ ဓမ္မစကြာအဖွဲ့မှ     တောင်ကြီးမြို့      မင်္ဂလာရာမပရိယတ္တိစာသင်တိုက်       စာချဆရာတော်      ဘဒ္ဒန္တဥတ္တရဓဇ                    ( သာသနတက္တကသီလ မဟာဓမ္မစရိယ)  အရှင်သူမြတ်မှရေးသား ပူဇော်ဂုဏ်ပြုအပ်သော   ရှစ်လုံးဘွဲ့ကဗျာဖြင့် လည်းကောင်း၊ အော်ယောရပ်ကွက် ဓမ္မစကြာအဖွဲ့မှ ဒေါက်တာအရှင်ခေမာဉာဏနှင့် အရှင်သောပါက  အရှင်မြတ် တို့အား ရှစ်လုံးဘွဲ့ကဗျာဖြင့် ရွတ်ဆိုပူဇော်ခဲ့ကြကြောင်း သိရသည်။

ထို့နောက်       ပင်းတယမြို့နယ်        စာပြန်ပွဲတော်ကော်မတီနှင့်      ဆွမ်းကပ်ဝေယျာဝစ္စအဖွဲ့ကိုယ်စား ဦးမောင်လေးမှ ဝမ်းမြောက်ကြောင်းစကားများ လျှောက်ထား၍ ရွာငယ်ကျောင်းသစ်ကျောင်းဆရာတော်မှ ဩဝါဒ ချီးမြှင့်၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ    ဗုဒ္ဓသာသနာ စိရံ တိဋ္ဌတု   သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်းသိရသည်။

ပင်းတယ( ပြန်/ဆက် )