ချမ်းအေးသာစံမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် အသိပညာပေးနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနား ကျင်းပ

ချမ်းအေးသာစံ ဩဂုတ် ၃၀

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းအခမ်းအနားကို ယနေ့တွင် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း၊ ပန်းမျိုးတစ်ရာခန်းမတွင် ကျင်းပသည်။

မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားတွင် မဟာအောင်မြေခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးစိုးထွန်းက မဲဆန္ဒရှင်ပြည်သူများအား ရွေးကောက်ပွဲဆိုင်ရာ ကျင်းပမည့်လုပ်ငန်းစဉ်များ မြန်မာအီလက်‌ထရောနစ်မဲပေးစက် လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးပြည့်ဖြိုးအောင်နှင့် အတွင်းရေးမှူး ဒေါ်စုလဲ့ရည်ထွေးတို့က မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ မဲပေးခြင်း၊ မဲလက်မှတ်စက်ဖြင့် မဲပုံးအတွင်းရောက်ရှိခြင်း၊ မဲရေတွက်ခြင်းတို့ကို ရှင်းလင်းပြသ၍ တစ်ဦးချင်း မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ကိုယ်တိုင်စမ်းသပ်မဲပေးခြင်းများကို လက်တွေ့ပြသဆောင်ရွက်ခဲ့သည်။

မဲဆန္ဒရှင်ပြည်သူများ လက်တွေ့စမ်းသပ်မဲပေးရာသို့ မဟာအောင်မြေခရိုင်နှင့် ချမ်းအေးသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကြည့်ရှု့အားပေးခဲ့ကြသည်။

ချမ်းအေးသာစံမြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဩဂုတ်လ (၃၀)ရက်နေ့တွင် အ.ထ.က (၁၄)၌ (၁၀)ရပ်ကွက်၊ ဩဂုတ်လ (၃၁)ရက်နေ့တွင် အ.ထ.က(၅)၌ (၁၀)ရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများအား အသိပညာပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းနိုင်