မိုင်းကိုင်မြို့နယ်အတွင်း ထောက်ပံ့ကြေးလာရောက်ထုတ်ယူခြင်းမရှိသော ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအား အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့

မိုင်းကိုင်     ဒီဇင်ဘာ    ၂၂

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌  လူမှုဝန်ထမ်းဦးစီးဌာနက  ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များအား ထောက်ပံ့ကြေးများကို ၂၀၂၀ပြည့်နှစ်၊ ဧပြီလမှစတင်၍  ထောက်ပံ့ပေးလျက်ရှိရာ ဒီဇင်ဘာလ ဒုတိယပတ်အထိ  လာရောက်ထုတ်ယူနိုင်ခြင်းမရှိသေးသော  ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများအား  ယနေ့နံနက်ပိုင်းတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများက အိမ်တိုင်ရာရောက်  သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါထောက်ပံ့မှုတွင်  မိုင်းကိုင်မြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ  ကိုယ်ဝန်ဆောင် မိခင် ၃၆၂ ဦး နှင့် မွေးစမှ အသက် နှစ်အောက်ကလေး  ၁၉၁ ဦးတို့ကို  ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ဒီဇင်ဘာလ ဒုတိယပတ်အထိ  လာရောက်ထုတ်ယူနိုင်ခြင်း မရှိသေးသော  ကိုယ်ဝန်ဆောင်မိခင်  ၁၁၂ ဦးနှင့် မွေးစမှ နှစ်အောက် ကလေးငယ် ၃၄  ဦးရှိကြောင်း၊ အဆိုပါလာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအား   အိမ်တိုင်ရာရောက် ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်ကြောင်း  သိရသည်။

နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)