ကျောက်တလုံးကြီး ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ကောင်ဝိန်းရပ်ကွက်ကားလမ်းမကြီး တစ်လျှောက်တွင် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို ကောင်ဝိန်းရပ်ကွက် ပြည်သူများက ယမန်နေ့ ညနေ ၃နာရီခန့်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာတွင် ကောင်ဝိန်းရပ်ကွက်မှ ပြည်သူများက ပွင့်လင်းရာသီကာလတွင် မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး၊ လမ်းသန့်ရှင်းသာယာလှပရေးအတွက် ကောင်ဝိန်းရပ်ကွက် ကားလမ်းမကြီး တစ်လျှောက်ရှိ ပေါင်းမြက်များ၊ ခြုံနွယ်များကိုခုတ်ထွင်ရှင်းလင်းခြင်းကို စုပေါင်း ဆောင်ရွက်ခဲ့ကြပြီး အမှိုက်များ စနစ်တကျ စွန့်ပစ်ခဲ့ကြောင်း သိရသည်။
မြဝင်း(ပြန်/ဆက်)