တန့်ယန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အပတ်စဉ်လေ့ကျင့်လျက်ရှိ

တန့်ယန်း  ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်များ အောင်မြင်စေရန် အတွက် ရည်မှန်းချက်တာဝန်ကြီး()ရပ်နှင့် လုပ်ငန်းစဉ်()ရပ်တို့အား အကောင်အထည်ဖော်ဆောင်ရွက်နေရာ မီးဘေးအန္တရာယ်မှ ကာကွယ်တားဆီးရေး၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာသည့်အခါ အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်များအတွက် မီးငြှိမ်းသတ်နည်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား အပတ်စဉ်လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိသည်။

ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းနိုင်ဦးနှင့် ဝန်ထမ်းများသည် မီးဘေးအန္တရာယ် ကာကွယ်တားဆီးရေးအတွက် မီးငြှိမ်းသတ်နည်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသော ဘေးအန္တရာယ်များ ကျရောက်လာသည့်အခါ အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် မိမိ၏တပ်ဖွဲ့ဝင်များ အစဉ်အမြဲ စွမ်းရည်ပြည့်ဝနေစေရန် အပတ်စဉ် လေ့ကျင့်မှုများ ဆောင်ရွက်နေခြင်းဖြစ်သည်။

မင်းလွင်ဦး(ပြန်/ဆက်)