တွန်းဇံမြို့၌ Quarantine Center ထပ်မံပြင်ဆင်ဆောင်ရွက်လျက်ရှိ

တွန်းဇံ         ဒီဇင်ဘာ        ၂၂

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ယမန်နေ့က  အခြေခံပညာ အထက်တန်းကျောင်းတွင် Quarantine Centre ထပ်မံပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် နေရပ်ပြန် ပြည်သူများအတွက် Community Based Facility Quarantine ဝင်ရောက်ရန် Cyclone Shelter တွင် ပြင်ဆင်ထားရှိ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ Quarantine Center တွင်ဝင်ရောက်သည့် ပြည်သူများအား Swab ရယူပြီး Rapid Test ဖြင့် စစ်ဆေးခဲ့ရာတွင် ပိုးတွေ့လူနာများထားရှိခြင်းနှင့် နေရပ်ပြန်ပြည်သူများ ပိုမိုများပြားလာခြင်းတို့ ကြောင့်  Cyclone Shelter Quarantine Center တွင် နေရာအခက်ခဲဖြစ်ပေါ်လျက်ရှိသည်။ ထို့ကြောင့် တွန်းဇံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် Quarantine Center အသစ် ထပ်မံပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး အဆိုပါ Quarantine Center ၌ နေရပ်ပြန်ပြည်သူ (၂၀)ဦးအထိ Quarantine ဝင်ရောက်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် တွန်းဇံမြို့ရှိ စေတနာ့ဝန်ထမ်းများက ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေဖြိုး(ဇလပ်မြေ)