ပြည်ကြီးတံခွန် ဒီဇင်ဘာ ၂၂
မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီမှ ပြည်ကြီးတံခွန်မြို့နယ်၊ အလက(၂၂) Quarantine Center အတွက် KN 95 (Mask) နှာခေါင်းစည်းများနှင့် Swap Test Room ယာဉ်အတွင်းခန်းပြင်ဆင်ရန် အလှူငွေကျပ်(၅)သိန်း ပေးအပ် လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီ က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကနောင်ခန်းမတွင် ကျင်းပ ပြုလုပ်သည်။
လှူဒါန်းပွဲတွင် မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဒုတိယဥက္ကဋ္ဌဦးနေဝင်းက ပြည်ကြီးတံခွန်မြို့နယ်၊ အလက(၂၂) Quarantine Center အတွက် KN 95 (Mask) နှာခေါင်းစည်းများနှင့် Swap Test Room ယာဉ်အတွင်းခန်းပြင်ဆင်ရန် အလှူငွေကျပ်(၅)သိန်း ပေးအပ်လှူဒါန်းရာ ရင်ဘတ်တူညီနောင်များအသင်း ဥက္ကဋ္ဌ ဦးဝေဖြိုးဟန်က လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။
အဆိုပါ လှူဒါန်းပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကျော်စိုးလင်းနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)