ညောင်ဦးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ပလတ်စတစ်အိတ်မသုံးစွဲရေး အမှိုက်စနစ်တကျစွန့်ပစ်ရေး သရုပ်ပြဆောင်ရွက်

ညောင်ဦး စက်တင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်ကာ ညောင်ဦးမြို့နယ် ပလတ်စတစ်အိတ်မသုံးစွဲရေး အမှိုက်စနစ်တကျစွန့်ပစ်ရေး လှုပ်ရှားမှုအစီအစဉ်ကို စက်တင်ဘာ ၁ ရက်၊ နံနက် ၉ နာရီခွဲက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် သရုပ်ပြဆောင်ရွက်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အပတ်စဉ်တနင်္လာနေ့တိုင်း (Monday Stop) ပလတ်စတစ်/ ကြွပ်ကြွပ်အိတ်မသုံးစွဲရနေ့အဖြစ် သတ်မှတ်ခဲ့ရာ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအနေဖြင့် ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်တင့်တင့်အောင်နှင့်ဝန်ထမ်းများ ဦးဆောင်ကာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ပလတ်စတစ်အိတ်သုံးစွဲမှုလျော့ချခြင်းမှသည် ပလတ်စတစ်သုံးစွဲမှုပပျောက်စေရေးနှင့် ပလတ်စတစ်၊ ကြွပ်ကြွပ်အိတ်အမှိုက်များ စနစ်တကျစွန့်ပစ်စေရေး အသိပညာပေးဆောင်ရွက်ခြင်းအား ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးခင်မောင်ခ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှအဖွဲ့ဝင်များက ပလတ်စတစ်အိတ်မသုံးစွဲရနေ့ အသိပညာပေးပိုစတာချိတ်ဆွဲခြင်း၊ ပလတ်စတစ်အစားထိုးအိတ်များ ပေးအပ်ခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း