၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့(မူလ)ရန်ပုံငွေဖြင့် တင်ဒါခေါ်ယူဆောင်ရွက်သည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါဖွင့်ပွဲအခမ်းအနားကျင်းပ

ထားဝယ်         ဒီဇင်ဘာ ၂၂

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့(မူလ)ရန်ပုံငွေဖြင့် တင်ဒါခေါ်ယူဆောင်ရွက်သည့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ထားဝယ်မြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း အစည်းအဝေး ခန်းမ၌ ကျင်းပသည်

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျ က၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့(မူလ)ရန်ပုံငွေဖြင့် တင်ဒါခေါ်ယူဆောင်ရွက်သော နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား တင်ဒါဝယ်ယူပြီး Profile and Technical Proposal အောင်မြင်၍ Price Proposal  တင်သွင်းသည့် ကုမ္ပဏီများထဲမှ ရွေးချယ်သွားမှာဖြစ်ကြောင်း၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၏ လုပ်ငန်းစုများအလိုက်ကုမ္ပဏီများက တင်သွင်းခဲ့မှုရလာဒ်များအား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့(Cabinet) အစည်းအဝေးသို့ တင်ပြအတည်ပြုချက်ရယူပြီး အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် တင်ဒါအောင်မြင်သော ကုမ္ပဏီများကို ဆက်သွယ်အကြောင်းကြားပေးသွားမှာဖြစ်ကြောင်း ပြောကြား သည်

ထိုနောက်တက်ရောက်လာသော တင်ဒါတင်သွင်းသည့်ကုမ္ပဏီ ၉၇  ခု က လုပ်ငန်းစု(၆၂)ခုအား စျေးနှုန်း အဆိုပြုလွှာများ တင်သွင်းခဲ့ကြရာ တာဝန်ရှိသူများက ဖွင့်ဖောက်ခဲ့ကြသည်

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့(မူလ)ရန်ပုံငွေဖြင့် မြို့နယ်(၁၀)မြို့နယ် အတွင်းရှိ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား လုပ်ငန်းစု ၆၂ ခု ခွင့်ပြုရန်ပုံငွေ ၂၀၄၃၁.၉၈၇ သန်းအား စက်တင်ဘာ ၂၀ ရက်နေ့မဒီဇင်ဘာ ၁၂ ရက်နေ့အထိ တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ပြီးကုမ္ပဏီ ၁၅၄ ခု မှ အိတ်ဖွင့်တင်ဒါ တင်သွင်းသည့် လျှောက်လွှာ ၄၄၂စောင် တင်သွင်းခဲ့ကြောင်းတိုင်းဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ထံမှသိရှိရသည်

ကျော်ကျော်လတ်(ပြန်/ဆက်)