သီပေါမြို့နယ် ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုကော်မတီ(DMO) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

သီပေါ ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီ(DMO) အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ()နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ရာ သီပေါမြို့နယ် ခရီးစဉ်ဒေသ စီမံခန့်ခွဲ့မှုကော်မတီ (DMO) ဥက္ကဋ္ဌ ဦးယဉ်ထွေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် သီပေါမြို့နယ် ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေး၊ မြို့နယ်ခရီးစဉ်ဒေသ စီမံခန့်ခွဲ့မှု ကော်မတီ အတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ရှမ်းပြည်နယ်(မြောက်ပိုင်း)  လားရှိုး ရုံးခွဲ၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးသက်လင်းနှင့် ရှမ်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဝင်၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) ဥက္ကဋ္ဌ ဦးဇော်ဇော်တို့မှ သီပေါမြို့နယ်၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေး ဆိုင်ရာကိစ္စများ၊ နမ့်ဟူးနွဲ့ကျေးရွာ ခရီးစဉ်သစ်ဖော်ဆောင်နိုင်ရေး၊ သင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ Public Toilet ()ခန်းတွဲ တည်ဆောက်နိုင်ရေး၊ Information Counter တည်ဆောက်နိုင်ရေး၊ လမ်းညွှန်ဆိုင်းဘုတ်နှင့် သတိပေး ဆိုင်းဘုတ်များ စိုက်ထူနိုင်ရေး၊  ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၁ ခုနှစ် တစ်နှစ်တာကာလ အတွင်း မိမိတို့ဒေသ၌ ဆောင်ရွက်မည့် Action Plan ပြင်ဆင်ရေးဆွဲခြင်း လုပ်ငန်းများ၊ Action Plan ရေးဆွဲရာတွင် အခြေခံရမည့် မဟာဗျူဟာ()ရပ် စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ သီပေါမြို့နယ် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီ(DMO) အစည်းအဝေးသို့ တက်ရောက်လာသော ကော်မတီ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများက ဆောင်ရွက်မည့်လုပ်ငန်းများ၊ ဆောင်ရွက်လိုသည့် လုပ်ငန်းများ ဆောင်ရွက်မည့်နေရာများ ရွေးချယ်သတ်မှတ်ခြင်းတို့ကို အပြန်အလှန် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)