မန္တလေး ဒီဇင်ဘာ ၂၂
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်၊ အကွက်(၁၅၃)၊ လမ်း၂၀နှင့်၂၁လမ်းကြား၊ ၈၁လမ်းနှင့်၈၂လမ်းကြားတွင် ပြည်ထောင်စုလွှတ် တော်ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းပြီးစီးမှုအခြေအနေအား ယမန်နေ့ နံနက်၁၀ နာရီက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ ကြကြောင်းသိရသည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင်နှင့် တာဝန်ရှိသူများက ကွန်ကရစ်လမ်းအား ပေအရှည်၊ လမ်းအကျယ်နှင့်ထု ပြည့်မပြည့်တိုင်းတာစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါကွန်ကရစ်လမ်းမှာ အရှည်၁၉၂ပေ၊ အကျယ် ၁၇ပေ၊ ထု၆လက်မရှိပြီး ကုန်ကျငွေ ကျပ်သိန်း (၅၀) ရှိကာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေဖြင့်ပြုလုပ်ထားခြင်းဖြစ်ကြောင်းသိရသည်။
ဇော်လင်းဦး (အောင်စံ)