အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေးအတွက် အသိပညာ‌ပေးခြင်းနှင့် နှာခေါင်းစည်း (Mask)များအိမ်တိုင်ရာရောက်အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်

မန္တလေး ဒီဇင်ဘာ ၂၂

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်တွင် ကိုဗစ်၁၉ရောဂါကာကွယ်နိုင်ရေးအတွက် အသိပညာ‌ပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များအိမ်တိုင်ရာရောက်အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်၈နာရီခွဲက အဆိုပါရပ်ကွက်အတွင်းရှိအကွက် (၁၂၈)၊(၁၂၉)၊(၁၃၁)တို့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

"ကိုဗစ်-၁၉ရောဂါ မကူးစက်ရလေအောင် နေအိမ်မှာပဲ နေထိုင်ကြဖို့နဲ့ မဖြစ်မနေ အိမ်ပြင်ထွက်တဲ့အခါ နှာခေါင်းစည်း(Mask)တွေ တပ်ဆင်သွားလာကြစေဖို့အတွက် အသိပညာပေးရင်း နှာခေါင်းစည်း(Mask) တွေကို အိမ်တိုင်ရာရောက် အခမဲ့ဖြန့်ဝေပေးခြင်း ဖြစ်ပါတယ်"လို့ အောင်မြေသာစံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်က နှာခေါင်းစည်း(Mask)များ ဖြန့်ဝေပေးခြင်းနှင့် ပတ်သက်၍ ပြောပြသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေးအတွက် အသိပညာ‌ပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို အောင်မြေသာစံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်၊ စာရေးဝန်ထမ်း ဦးစောလွင်ဦးနှင့် ရာအိမ်မှူးများ၊ ကျန်းမာရေး ဝန်ထမ်းများ နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စုစုပေါင်း(၃၅)ဦးတို့က အကွက်(၁၂၈)၊ (၁၂၉)၊(၁၃၁) အကွက်များအတွင်း လှည့်လည်၍ အသိပညာ ပေးခြင်းနှင့် နှာခေါင်းစည်း(Mask) အခုရေ(၂၅၀၀)တို့ကို အိမ်တိုင်ရာရောက် အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)