ကျေးသီးမြို့၌ မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ကျေးရွာရွေးချယ်

ကျေးသီး ဒီဇင်ဘာ  ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀၂၀၂၁ ဘဏ္ဍာရေးနှစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ကျေးရွာ ရွေးချယ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းစံမိန်းနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေတို့က အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးညွန့်ဆောင်က ၂၀၁၉၂၀၂၀ ဘဏ္ဍာရေး နှစ် အကောင်အထည်ဖော် ဆောင်ရွက်ပြီး လုပ်ငန်းများနှင့် ယခု ၂၀၂၀၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆက်လက် အကောင်အထည် ဖော် ဆောင်ရွက်သွားမည့် မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP) ကျေးရွာရွေးချယ် လျာထားခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီက္ကဋ္ဌ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် တက်ရောက်လာသော တာဝန်ရှိသူများက ၂၀၂၀၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ()ရွာနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) (၁၀) ရွာအား ကျေးရွာရွေးချယ်ရေး စံသတ်မှတ်ချက်နှင့်အညီ ရွေးချယ်ခဲ့ကြောင်း သိရသည်။

သဲစုပိုင်(ပြန်/ဆက်)