ပုသိမ် ဒီဇင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ပုသိမ်လူမှုညီအကိုများအဖွဲ့က ကိုဗစ်-၁၉ ကာလ လူမှုကူညီ ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်လျက်ရှိရာ Lock Down သတ်မှတ်ခြင်း ခံထားရသော ပုသိမ်မြို့ အမှတ် ၁ ရပ်ကွက်၊ မင်းကြီးလမ်း၊ ကွမ်းခြံရပ်ကွက်ရှိ နေအိမ် ၉ လုံးစာအတွက် အခြေခံစား သောက်ကုန်များ လှူဒါန်းပေးခြင်းကို ယမန်နေ့ကဆောင်ရွက်ခဲ့သည်။
ထိုသို့လှူဒါန်းပေးအပ်ရာတွင် နေအိမ်တစ်လုံးလျှင် အခြေခံစားသောက်ကုန်များဖြစ်သော ဆန် ၄ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ကြက်သွန် ၁ ပိဿာ၊ ကြက်ဥ ၁၀ လုံး၊ ခေါက်ဆွဲခြောက် ၆ ထုပ် အစရှိသည်တို့အား အလှူရှင်များ၏ စုပေါင်းထည့်ဝင်လှူဒါန်းမှုနှင့်အတူ ပုသိမ်လူမှုညီအကိုများအဖွဲ့မှ သွားရောက် လှူဒါန်းပေး ခဲ့ကြောင်း သိရသည်။
မောင်မောင်မြင့်(ပြန်/ဆက်)