မဟာအောင်မြေ စက်တင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို စက်တင်ဘာ ၂ ရက်က သံလျှက်မှော်အနောက်ရပ်ကွက် ရန်မျိုးလုံပေါ်တော်မူဘုရားဗိမာန်တော်နှင့် စိန်ပန်းရပ်ကွက် စိန်ပန်းအားကစားရုံတို့၌ ကျင်းပသည်။
သံလျှက်မှော်အနောက်ရပ်ကွက်တွင်ကျင်းပသည့် ဟောပြောပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးဝင်းက အမှာစကားပြောကြားသည်။ ဆက်လက်၍ အတွင်းရေးမှူး ဦးရဲမင်းလွင်က မဲဆန္ဒရှင်များအား မြန်မာအီလက်ထရော နစ်မဲပေးစက်(MEVM) ဖြင့်သုံးစွဲပုံကို ရှင်းလင်းပြောကြားပြီးနောက် ထိန်းချုပ်စက်ကိုင်တွယ်အသုံးပြုပုံနည်းစနစ်များကို ရှင်းလင်းပြသကာ တက်ရောက်လာသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ကိုယ်တိုင်စမ်းသပ်မဲပေးခြင်းများကို လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။
အလားတူ စိန်ပန်းရပ်ကွက် စိန်ပန်းအားကစားရုံ၌ကျင်းပရာ မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက မဲပေးစက်ဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ကိုယ်တိုင်စမ်းသပ်မဲပေးခြင်းများကို လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။
အောင်ဇော်မင်း