တုံတာမြို့တွင် စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

တုံတာ ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ ပြန်လည်ဖင့်လှစ်ရာတွင် သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိကို တာဝန်ရှိသူများက ယနေ့နံနက် ၉နာရီခန့်က ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တုံတာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့စည်ပင်သာယာရေး ကော်မတီရုံးခွဲ၊ မြို့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက တုံတာမြို့တွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်‌ ရောင်းချရာတွင် စားသုံးသူများအား ဆိုင်အဝင် ဝတွင် အပူချိန်တိုင်းတာခြင်း၊ အပူချိန် တိုင်းတာချိန်တွင် တစ်ဦးနှင့်တစ်ဦး ၆ပေအကွာမှ စောင့်ဆိုင်းစေခြင်း၊ လက်ဆေးရန် ခြေနင်းလက်ဆေးကန် (သို့မဟုတ်) လက်ဆေးကန်များ ဆိုင်အဝင်ဝတွင်ထားရှိခြင်း၊ ရေမလို လက်မသန့်ဆေးရည်ထားရှိပေးခြင်း၊ လေဝင်လေထွက် ကောင်းသော နေရာစီစဉ်ပေးခြင်း၊ အတူလာရောက်ခြင်း မဟုတ်သူများ သီးခြားစီစားနိုင်စေရန် စီစဉ်ထားခြင်း၊ စားပွဲဝိုင်းတစ်ခုနှင့် တစ်ခုကြား အကာအရံများ ထားရှိခြင်း စားသုံးသူများ Social Distancing ဖြစ်စေရန် စားပွဲတစ်ဝိုင်းနှင့် တစ်ဝိုင်းအကြား ၆ပေအကွာ ထားရှိပေးခြင်း စသဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် Version 2.0 ပါညွှန်ကြားချက်များ အတိုင်း သိရှိလိုက်နာဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

လှိုင်လှိုင်ငြိမ်း (ပြန်/ဆက်)