တာလေမြို့တွင် ဆောင်းသီးနှံ ပဲတီစိမ်း (ရေဆင်း-၁၅)မျိုး စမ်းသပ်စိုက်ပျိုးကွက် ဖြစ်ထွန်းအောင်မြင်

တာလေ ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာလေမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တောင်သူများ၏ ဈေးကွက်လိုလားချက်နှင့် စီးပွားရေး တွက်ခြေကိုက်သည့်သီးနှံများ စိုက်ပျိုးထုတ်လုပ် ခြင်းမှ တောင်သူများ ဝင်ငွေ ပိုမိုရရှိစေပြီး သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်လာစေရန် ရည်ရွယ်၍ နားယောင်းကျေးရွာအုပ်စု အတွင်း ကွင်းအမှတ် (၆၂)၌ ဆောင်းသီးနှံပဲတီစိမ်း (ရေဆင်း-၁၅)မျိုး စမ်းသပ်စိုက်ပျိုးကွက် သီးနှံ ဖြစ်ထွန်းအောင်မြင်နေမှု များအား ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှု၍ ယူရီးယားနှင့် လက်ချား ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာလေမြို့တွင် ဆောင်းသီးနှံ ပဲတီစိမ်း (ရေဆင်း-၁၅)မျိုး စမ်းသပ်စိုက်ပျိုးခြင်းကို ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများ၏ ဈေးကွက် လိုလားချက်နှင့် စီးပွားရေး တွက်ခြေကိုက်သည့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်းမှ ဝင်ငွေပိုမိုရရှိစေပြီး တောင်သူများသီးနှံ စိုက်ပျိုးစွမ်းအား တိုးတက်လာစေရန် ဈေးကွက်အလားအလာ ကောင်းသော ဆောင်းရာသီသီးနှံ ပဲတီစိမ်းကို စမ်းသပ်စိုက်ပျိုး၍ တောင်သူများအား ပြသသွားရန်နှင့် မျိုးသိုလှောင် ထားရှိပြီးလာမည့် စိုက်ပျိုးရာသီတွင် တောင်သူများအား ဖြန့်ဖြူး ပေးနိုင်ရန် ရည်ရွယ်စိုက်ပျိုးခြင်း ဖြစ်ကြောင်း တာလေမြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးနေလင်းထံမှ သိရသည်။    

အောင်ကျော်မိုး (ပြန်/ဆက်)