ငပုတော ဒီဇင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် စေတနာရှင်ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ၁၃၆၀၀ အား ပြည်သူများထံ ယနေ့နံနက်ပိုင်း က သွားရောက်ပေးဝေခဲ့ကြောင်းသိရသည်။
Mask များကို ပေးဝေရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အခြေခံပညာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကြက်ခြေနီ အသင်းခွဲမှတာဝန်ရှိသူများနှင့် သူနာပြု တပ်ဖွဲ့ဝင်များက ငပုတောမြို့မဈေးအတွင်းရှိ ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ် သူပြည်သူများ၊ မြို့ပေါ်ရပ်ကွက်လေးခုရှိ ပြည်သူများထံသို့ သွားရောက် ပေးဝေခဲ့ကြသည်။
အဆိုပါ နှာခေါင်းစည်းများ ပေးဝေခြင်းမှာ မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် စေတနာရှင်ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ပြည်သူများ ကိုဗစ်- ၁၉ ကူးစက်မှုမှ ကာကွယ် နိုင်ရန်အတွက် ပေးဝေခြင်းဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)