ရေကျနောက်စိုက် ပေါ်ဆန်းကြီးစပါး စံကွက်ရိတ်သိမ်း တစ်ဧက(၇၅)တင်းကျော်ထွက်ရှိ

ကျောင်းကုန်း   ဒီဇင်ဘာ   ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ သဲကုန်အုပ်စု၊‌ ကွင်းအမှတ်-၄၂၇(B)၊ ဦးပိုင်အမှတ်(၆)၊ တောင်သူ ဦးထွန်းသွင်၏ ပေါ်ဆန်းကြီးစပါး ဧရိယာ (၀.၁၀)ဧကအား ယနေ့နံနက် ၉ နာရီအချိန်ခန့်က စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း၊ အဖွဲ့ဝင်မြို့နယ်စိုက်ပျိုးရေး ဦးစီးအရာရှိ ဦးထင်ကျော်ဦး၊ မြို့နယ်လယ်စီစာရင်းအင်းဦးစီးမှူး ဦးမင်းနောင်၊မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်လွင်၊ မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးမင်းလူတို့က ကွင်းဆင်း၍ စံကွက်ရိတ် သိမ်းခဲ့ရာ တစ်ဧကလျှင် အစို(၇၅)တင်းကျော် ထွက်ရှိကြောင်း သိရသည်။

တောင်သူ ဦးထွန်းသွင်၏ စနစ်တကျ စံပြလယ်ဧက (၁၀၀)စိုက်ခင်းတွင် ရေကျနောက်စိုက် ပေါ်ဆန်းကြီးစပါး ဧက(၆၀)စိုက်ပျိုးထားပြီး၊ ပေါ်ဆန်းရင်၊ ဆင်းသုခ၊ သီးထပ်ရင်၊ ပခန်းရွှေဝါစပါးတို့လည်း စိုက်ပျိုးထားကြောင်း သိရသည်။

ဝင်းကြိုင်(ကျောင်းကုန်း-ပြန်/ဆက်)