ပုလောမြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ အငြိမ်းစား ၀န်ထမ်းများအား ပင်စင်လစာများ စတင်ထုတ်ပေး

ပုလော   ဒီဇင်ဘာလ   ၂၂

ကိုဗစ်−၁၉ ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ မြိတ်ခရိုင်၊ ပုလောမြို့နယ် မြန်မာ့စီးပွားရေး ဘဏ်ခွဲရုံးတွင် ယမန်နေ့ နံနက် ၈ နာရီမှစတင်၍  အငြိမ်းစား၀န်ထမ်းများအား ပင်စင်လစာများစတင် ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ ပင်စင်လစာများ ထုတ်ပေးရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၀င်များနှင့်ကြက်ခြေနီတပ်ဖွဲ့၀င်များက ပူးပေါင်း၍ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပင်စင်(အငြိမ်းစား) ၀န်ထမ်းများ အား ပင်စင်လစာ ထုတ်ယူရာ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရေး သတ်မှတ် အကွာအဝေးတွင် ထိုင်ခုံများ စနစ်တကျ နေရာချထားပေးခြင်း၊ ရုံးအ၀င်ပေါက်၀၌ လက်သန့်ဆေးရည်များဖြင့် လက်များ ဆေးကြောသန့်စင်ပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်ပေးခြင်း တို့ကို ဆောင်ရွက်ပေး လျက်ရှိသည်။

ပုလောမြို့နယ်တွင် ပင်စင် (အငြိမ်းစား)၀န်ထမ်းဦးရေ( ၆၅၉ ) ဦးရှိပြီး ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး လူစုလူဝေး မဖြစ်ပေါ်စေရေးတို့အတွက် အလှည့်ကျ ထုတ်ပေးလျက်ရှိကြောင်း၊ ပင်စင် လစာများကို ယနေ့ မှ စ၍ ဒီဇင်ဘာလ  ၂၉ ရက်နေ့ အထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

အေးအေးမော်(ပုလော ပြန်/ဆက်)