ညောင်ဦးမြို့ လမ်းမကြီးများဝဲ/ယာ၌ ရောင်းချနေသည့် အိမ်ဆိုင်နှင့်လမ်းဘေးဈေးဆိုင်များ သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချရေး စစ်ဆေးပညာပေး

ညောင်ဦး စက်တင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် လမ်းမကြီးများ ဝဲ/ယာရှိ အိမ်ဆိုင်များနှင့် လမ်းဘေးဈေးအရောင်းဆိုင်များ သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးပညာပေးခြင်းကို စက်တင်ဘာ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီက ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့များက လှည့်လည်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ညောင်ဦးမြို့နယ်ကို သန့်ရှင်းသာယာလှပရေးနှင့်မြို့အင်္ဂါရပ်နှင့် ညီညွတ်သည့် မြို့ဖြစ်စေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်၍ လမ်းမကြီးများ ဝဲ/ ယာရှိ အိမ်ဆိုင်များနှင့် လမ်းဘေး ဈေးအရောင်း ဆိုင်ရှင်ပိုင်ရှင်များအား ခေါ်ယူ၍ သတ်မှတ်ထားသည့် စည်းကမ်းများ နှင့်အညီ ရောင်းချရေး ဆွေးနွေးပညာပေးခဲ့ပြီးဖြစ်ရာ၊ ယခုအခါ အဆိုပါ လမ်းဘေးဝဲ/ ယာရှိ ဈေးအရောင်းဆိုင်များအား သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ လှည့်လည်စစ်ဆေးခြင်းကို၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာများဖြင့် အဖွဲ့ခွဲကာ လမ်းအလိုက် လှည့်လည်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ကြပြီး၊ လိုအပ်သည်များ ဆွေးနွေးအသိပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း