မိုင်းယောင်း ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများတပ်ဆင်ရန် ယနေ့ နံနက်ပိုင်းက ဗလမင်းထင်ကျောက်တိုင်အနီးရှိ နမ့်မိန်ချောင်း တံတားလမ်း ဆုံ တွင် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပွားလျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ပြီး ဌာနဆိုင်ရာများ၊ မီးသတ်ဖွဲ့တပ်ဝင်များ၊ မိခင်ကလေး၊ အမျိုးသမီးရေးရာနှင့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများ နေအိမ်များတွင် နေထိုင်ကြရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေ ပြင်ပသို့ ထွက်ရပါက နှာခေါင်းစည်းများ တပ်ဆင်သွားလာကြရန် ရပ်ကွက်၊ ကျေးရွာများတွင် အသိပေးညွှန်ကြားထားရှိပြီး ဖြစ်ရာ အဆိုပါညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် နှာခေါင်းစည်းများ တပ်ဆင်ခြင်းမရှိပါက နှာခေါင်းစည်းများ တပ်ဆင်နိုင်စေရန် အခမဲ့ပေးဝေပြီး နောင်တွင် လိုအပ်ချက်ရှိ၍ နေအိမ်မှ အပြင်ထွက်ပါက နှာခေါင်းစည်းများ တပ်ဆင်၍ သွားလာကြစေရန်၊ အထူးသတိပြုရမည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်နှင့် “ကိုဗစ်-၁၉ ရောဂါအား ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်၍ ကာကွယ်ပါ” စသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌန၏ ကိုဗစ်-၁၉ ဆိုင်ရာ တိုက်တွန်းနှိုးဆော်ချက်များကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နန်းစီဖေါင်း