ကျွန်းစု ဒီဇင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက် ရန် လျာထား မည့် လုပ်ငန်းများ ကွင်းဆင်းတိုင်းတာခြင်းကို ယနေ့ နံနက်ပိုင်းက ကျွန်းစုမြို့နယ် အမှတ် (၁၊ ၂၊ ၃၊ ၄) ရပ်ကွက် များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါ်မိုးမိုးနွယ်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်တာဝန်ခံ အင်ဂျင်နီယာ ဦးပြည့်ဖြိုးပိုင်နှင့် အဖွဲ့၊ ရပ်ကွက်အုပ်ချုပ်မှူးများက မြို့ပေါ်ရပ်ကွက်များရှိ လမ်း၊ တံတား၊ ရေမြောင်း၊ မြို့သာယာရေးလုပ်ငန်းများနှင့် အခြားဆောင်ရွက်မည့် လုပ်ငန်းများအား အတည်ပြု ဘတ်ဂျက်လုပ်ငန်း ရေးဆွဲရန် လျာထားမည့် လုပ်ငန်းများ ကွင်းဆင်းတိုင်းတာခဲ့သည်။
အလားတူ ဒီဇင်ဘာလ(၅)ရက်နေ့က အဆိုပါလုပ်ငန်းများအတွက် ပမာဏ ကွင်းဆင်းခဲ့ပြီးဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
စည်သူရအောင်(ကျွန်းစု)