ကျောက်ဆည် ဒီဇင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ သံရွာကျေးရွာမှ ကြက်သွန်စိုက် တောင်သူအချို့ စိုက်ပျိုးထားသော မြစ်သား ကြက်သွန်မျိုးများ စတင်တူးဖော်လျက်ရှိရာ တစ်ပိဿာ ငွေကျပ်တစ်ထောင်နှုန်းဖြင့် ရောင်ကြောင်းသိရှိသည်။
အခုရောင်းရတဲ့ဈေးနဲ့ဆိုရင် တစ်ဧကကုန်ကျစရိတ်က အခုနှစ်မှာတော့ ငွေကျပ်(၅)သိန်းကျော် ကုန်ပါတယ် ထွက်နှုန်း အနေနဲ့ ကျွန်တော်စိုက်ထားတဲ့ ကြက်သွန်းခင်းက အချိန်ပိဿာ(၃)ထောင်ထွက်မယ်လို့ ခန့်မှန်းတဲ့အခါမှာ ငွေကျပ် သိန်း(၃)ရာလောက်ရမယ် ဒါကြောင့်တူးဖော်ရောင်းတာပါ မတူးဘဲ ဈေးစောင့်မယ်ဆိုလည်း ရပါသေးတယ် ဒါပေမယ့် ဈေးကမတက်ဘဲ ကျသွားခဲ့ရင် ရှုံးမှာလေ ဒါကြောင့် အခုဈေးနဲ့စိတ်ပိုင်းဖြတ်ပြီး ကြက်သွန်များ တူးဖော်ရောင်းချ တာဖြစ်ကြောင်း တောင်သူဦးရွှေက ပြောပြသည်။
ကျောက်ဆည်မြို့နယ်အတွင်းရှိ ကြက်သွန်စိုက်တောင်သူအများစုမှာ မြစ်သားကြက်သွန်မျိုးကို အဓိထား စိုက်ပျိုးကြ ကြောင်း၊ ရောင်းချရာတွင်လည်း အခြားကြက်သွန်မျိုးများနှင့် နှိုင်းယှဉ်ရောင်းချပါက ဈေးပိုရကာ အပင် သက်တမ်းလည်း တိုသဖြင့်စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)