ပြည်ကြီးတံခွန်မြို့နယ် စိုက်ပျိုးရေးရုံးတွင် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဓာတ်မြေဩဇာ စနစ်တကျသုံးစွဲနိုင်ရန် တောင်သူအသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ပြည်ကြီးတံခွန် စက်တင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် စိုက်ပျိုးရေးရုံးတွင် စက်တင်ဘာ ၃ ရက်နေ့ နံနက် ၁၀ နာရီတွင် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက်  ဓာတ်မြေဩဇာစနစ်တကျသုံးစွဲနိုင်ရန် တောင်သူအသိပညာပေးဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။  

အဆိုပါ အခမ်းအနားသို့ တောင်သူအသိပညာပေးရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမင်းထွန်း၊ တောင်သူအသိပညာပေးရေးအဖွဲ့ အတွင်းရေးမှူး  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်အောင်နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး တက်ရောက်လာသည့် တောင်သူ (၁၇) ဦးတို့အား ပြည်ကြီးတံခွန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းမှ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဓာတ်မြေဩဇာများ စနစ်တကျသုံးစွဲနိုင်ရေး  လက်ရှိသီးနှံများ စိုက်ပျိုးရာတွင် ဓာတ်မြေဩဇာများ အားစိုက်ခင်းသို့ စနစ်တကျထည့်သွင်းရန် ပြောကြားခဲ့ပြီး စိုက်ပျိုးရေးမြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်အောင်မှ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းကို အခြေခံ၍ တောင်သူများ ပန်းတိုင်အထွက်နှုန်းရရှိ‌စေရန် သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ် (၁၄) ချက်အကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခြင်း၊ ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာရောစပ်အသုံးပြုခြင်း၊ မြေဩဇာများအား အချိန်ကိုက်၊ အချိုးကျ စနစ်တကျသုံးစွဲနိုင်ရေး ရှင်းလင်းပြောကြားခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ဇင်မင်းမောင်