မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၂၂
မော်လမြိုင်ကျွန်း မြို့နယ်အတွင်းရှိသော Facility Quarantine Centre များတွင် ဝင်ရောက်လျက်ရှိသည့်သူများထဲမှ စားသောက်ရေး အခက်အခဲရှိသူများအား အမှတ်(၃)ရပ်ကွက် စိတ်တူကိုယ်တူ ပရဟိတအဖွဲ့နှင့် မြို့နယ်အတွင်းရှိ စေတနာရှင်ပြည်သူများ ပူးပေါင်း၍ နေ့စဉ်နေလည်စာ၊ ညနေစာ ထမင်းဘူးများ လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းရာတွင် ယနေ့တစ်နေ့စာအတွက် ဒေါ်မြင့်မြင့်ဆွေမိသားစု (ဝါဝါဝင်းရွှေဆိုင်၊ သင်္ကန်းဆိုင်) အမှတ်(၃) ရပ်ကွက်မှ မြို့နယ်အတွင်းရှိ Quarantine Centre များဖြစ်ကြသော အ-ထ-က (၁)၊ အ-ထ-က(၂)၊ ကုတင် ၅၀ ဆေးရုံ၊ အားကစားခန်းမသစ်၊ ပစ္ဆိမာရုံ ဘုန်းတော်ကြီးကျောင်း၊ တိုင်းရင်းဆေးရုံနှင့် ဒေါ်မေမေစိန် ဗိမာန်မှ အသွားအလာ ကန့်သတ်ထားသူ ၁၁၀ ဦးအတွက် တစ်နေ့စာ ထမင်းဘူး ၂၂၀ ဘူးအား ပေးအပ်လှူဒါန်းသည်။
အဆိုပါလှူဒါန်းမှုများတွင် ဦးဝင်းအောင်+ဒေါ်အေးအေးမြင့် (အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး)၊ ဦအောင်ဆန်းထွန်း+ ဒေါ်သီတာ (အမေ့အရိပ်အထည်ဆိုင်)၊ ဦးခင်မောင်ဦး+ဒေါ်ဝါဝါ (လျှပ်စစ်ပစ္စည်း ရောင်းဝယ်ရေး)၊ ဦးမြင့်လွင်+ဒေါ်ကြည်နွဲ့ (သမီး)မဆွေဆွေမွန်မိသားစု၊ ဦးစိုးညိမ်း+ဒေါ်အေးညိမ်း (ကံစုကျေးရွာ)၊ ဦးထိန်ဝင်း+ဒေါ်စန်းမြင့် (ဧရာရွှေဝါ စက်သုံးဆီရောင်းဝယ်ရေး)၊ ဦးကျော်စိုး+ဒေါ်ကြူကြူဝင်း (ငွေမိုးစတီးလုပ်ငန်း) မိသားစုတို့မှလည်း အမှတ်(၃)ရပ်ကွက် စိတ်တူကိုယ်တူ ပရဟိတအဖွဲ့နှင့် ပူးပေါင်း၍ နေ့စဉ်အဟာရဒါန လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)