ညောင်ဦး စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အနော်ရထာခန်းမ၌ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်က အမှာစကားပြောကြားသည်။ထို့နောက် ညောင်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲစခန်းမှူး ဝင်းဆန်းက ညောင်ဦးမြို့နယ်အတွင်း မှုခင်းမဖြစ်ပေါ်စေရေးနှင့် အေးချမ်းသာယာရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း