မိတ္ထီလာ၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းအမှတ်စဉ်(၁/၂ဝ၂၅) ဖွင့်ပွဲအခမ်းအနား ကျင်းပ

မိတ္ထီလာ စက်တင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ခရိုင်မီးသတ်ဦးစီးမှူးရုံးက ကြီးမှူးဖွင့်လှစ်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂ဝ၂၅) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါ ဦးစီးမှူးရုံးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင် မြင့်ဦးနှင့်ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် ကော်မတီဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်း၊ ခရိုင်မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက အမှာစကားပြောကြားခဲ့သည်။ အဆိုပါသင်တန်းသို့ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅ဝ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ စက်တင်ဘာလ ၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဖြစ်ကြောင်း သိရသည်။

ချမ်းသာ