ကျောက်ဆည် စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်ကိုယ်စားပြု အမျိုးသား/ အမျိုးသမီး ကြက်တောင်အသင်းဖွဲ့စည်းနိုင်ရေး လူရွေးချယ်ပွဲကို စက်တင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းက ကျောက်ဆည်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန မိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလူရွေးချယ်ပွဲ၌ ကျောက်ဆည်မြို့မှ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ မေတ္တာ၊ ယူနတီ၊ လမ်းပြကြယ်၊ ဘရိုက်ကစ် စသည့် အခြေခံပညာကျောင်း (၆) ကျောင်းမှ ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)